

သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၀) ရက်
ယနေ့မှစတင်၍ ကျွန်တော် ဦးကျော်ဇော်သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူတာဝန်မှ ရပ်နားကာ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှု နှင့် ပေါင်းစပ်ညှိနှိုင်းရေး တာဝန်များကို လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
လွန်ခဲ့သည့် လေးနှစ်တာ ကာလအတွင်း ကျွန်ုပ်အား သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ယုံကြည်စွာ အပ်နှင်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ အစိုးရအဖွဲ့ဝင်များနှင့် သမ္မတရုံးအတွင်းဝန်တို့အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား လိုပါသည်။ သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရခဲ့သည့်အတွက် အလွန်တရာမှ ဂုဏ်ယူဝမ်းမြောက် ရပါသည်။
ကမ္ဘာ့တဝန်းက သတင်းထောက်များ၊ သတင်းမီဒီယာများနှင့် ကောင်းမွန်သည့် ထိတွေ့ဆက်ဆံမှု များနှင့် ရင်းနှီးမှုများကို တည်ဆောက်ခွင့် ရရှိခဲ့သည့်အတွက်လည်း ကျေးဇူးအထူးတင်အပ်ပါသည်။
အမျိုးသားညီညွတ်ရေးအစိုးရ နှင့် နွေဦးတော်လှန်ရေးအပေါ် ထားရှိသည့် ကတိကဝတ်များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ကျွန်တော် တာဝန်ယူလုပ်ဆောင်သွားမည့် အခန်းကဏ္ဍအသစ်သည် နိုင်ငံတော်ယာယီသမ္မတ၏ မျှော်မှန်း ဆောင်ရွက်ချက်များကို မြှင့်တင်ပေးကာ သမ္မတရုံး၏ အဓိကအဖွဲ့ဝင်တစ်ဦးအဖြစ် ဆက်လက် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။
လေးစားစွာဖြင့်
ဦးကျော်ဇော်